ရောင်းအားကောင်းအောင် ဘာလုပ်ရမလဲ???
မိတ်ဆွေတို့ရဲ့ လုပ်ငန်းကို လူသိများပြီး ရောင်းအားကောင်းစေဖို့
လုပ်ငန်းတစ်ခု တိုးတက်အောင်မြင်ဖို့အတွက် စျေးကွက်ရှာဖွေရေးဟာ အင်မတန်မှ အရေးပါတဲ့ နေရာကနေ ပါဝင်နေပါတယ်
မိတ်ဆွေတို့ရဲ့ လုပ်ငန်းရဲ့ အရည်အသွေး နဲ့ စျေးနှုန်းက သင့်တင့်နေမယ်
ဈေးကွက်သုတေသန သေချာလုပ်ထားတဲ့ လုပ်ငန်းဆိုရင် ဈေးကွက်ထဲ ထိုးဖောက်ဝင်ရောက်ဖို့အတွက် စတင်စီစဉ်ရပါတော့မယ်
ဒီနေရာမှာ ကျွန်တော်တို့ အရင်တစ်ချိန်ကဆိုရင်
ကြော်ငြာစာရွက်တွေလိုက်ဝေမယ်
လမ်းမဘေးတွေမှာ ပိုစတာတွေ လိုက်ကပ်မယ်
အများသုံးသယ်ယူပို့ဆောင်ရေးနေရာတွေမှာ ကြော်ငြာမယ်
စသဖြင့် လုပ်ဆောင်ကြရတယ်
ကုန်ကျစရိတ်တွေကလည်း အင်မတန်မှ များပြားလွန်းတယ်
လက်ကမ်းစာစောင်တွေ လိုက်ဝေမယ်ဆိုရင်တောင် လူအယောက် တစ်သောင်းလောက်အတွက် ကျပ်ငွေ ဆယ်သိန်းထက်မနည်း ကုန်ကျမယ်
ဒီဘက်ခေတ် အင်တာနက်တွေ ဆိုရှယ်မီဒီယာတွေ ခေတ်စားလာချိန်မှာတော့ ဈေးကွက်ရှာဖွေရေးအတွက်က အင်မတန်မှ လွယ်ကူလာသလို အင်မတန်မှလည်း ကုန်ကျစရိတ်တွေ သက်သာလာတယ်
လူအယောက် တစ်သိန်းလောက်ဆီ ကိုယ့်လုပ်ငန်းကို ကြော်ငြာဖို့ နှစ်သိန်းခွဲဝန်းကျင်လောက်ပဲ ကုန်ကျတော့မယ်
ဒါဆို အယောက်တစ်သောင်းအတွက် ကျပ်ငွေ နှစ်သောင်းခွဲလောက်ပဲ ကုန်ကျတော့မယ်သဘောပေါ့
ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဖောက်သည်တွေကို ပစ်မှတ်ထားရတာလည်း လွယ်ကူလာတယ်
အဲ့ဒီအတွက်ကိုလည်း ဆိုရှယ်မီဒီယာတွေက အဆင်သင့် ပြင်ဆင်ပေးထားတယ်
ဒါ့ကြောင့်လည်း အခုအချိန်မှာ ကိုယ်ပိုင်လုပ်ငန်းတွေ တစ်နိုင်တစ်ပိုင်က စလို့ စတင်လုပ်ကိုင်လာကြတယ်
မာကတ်တင်းကိစ္စပြီးတဲ့ နောက်မှာ အရေးတကြီး ကပ်လိုက်လာတာကတော့ ဖောက်သည်တွေနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ပဲ
အခုအချိန်မှာ လုပ်ငန်းအပြိုင်အဆိုင်တွေက အင်မတန်မှ များလာတယ်
အဲ့ဒီအတွက် ကိုယ်ဟာ ကိုယ့်ရဲ့ ဖောက်သည်တွေနဲ့ ဆက်ဆံရေးကောင်းမွန်ထားမယ်ဆိုရင် သူတို့ဟာ ကိုယ့်ရဲ့ ပုံမှန်ဖောက်သည်တွေ ဖြစ်လာမယ် နောက်ပြီး သူတို့ဆီကနေတစ်ဆင့် ဖောက်သည်တွေရောက်လာမယ်
အဲ့ဒီအခါ ကိုယ့်ရဲ့ ကြော်ငြာစရိတ်ကိုလည်း လျော့ချလာနိုင်လိမ့်မယ် ကိုယ့်ရဲ့ လုပ်ငန်းလည်း ပုံမှန်လည်ပတ်ပြီး ဖွံ့ဖြိုးလာမှာ အမှန်ပါပဲ
မိတ်ဆွေတို့ရဲ့ ကြော်ငြာကစ္စတွေအတွက် အသေးစိတ် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ 630.digital က နွေးထွေးစွာ စောင့်ကြိုနေပါတယ်
Phone : +959881288889
Email : ceo@630.digital
Website : www.630.digital
Messenger : m.me/630Digital