Boost မလုပ်ဘဲ ရောင်းအားကောင်းအောင်
ကိုယ့်လုပ်ငန်းရဲ့ ကြော်ငြာစရိတ် လျောချနိုင်ဖို့
အရင်ဆုံး Boost လုပ်ပါ
ကိုယ့်လုပ်ငန်း လူသိများလာပြီး ရောင်းအားကောင်းလာအောင် ကြော်ငြာကြရတယ်
အဲ့ဒီအတွက် ကြော်ငြာစရိတ်သက်သာပြီး ပိုမိုထိရောက်ဖို့ ဆိုရှာမီဒီယာတွေပေါ်ကနေ ကြော်ငြာကြတယ်
Facebook ကနေ Boost လုပ်ပြီး ကြော်ငြာကြတယ်ပေါ့
ကိုယ့်လုပ်ငန်းရဲ့ ကြော်ငြာစရိတ်ကိုလည်း အခုထက်ပြိပြီး လျော့ချ ချင်တယ်
ဒါဆိုရင်တော့ အရင်ဆုံး ကိုယ့်ဖောက်သည်တွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်ရပါ့မယ်
ဈေးကွက်သုတေသနလည်း လုပ်ဆောင်ရပါမယ် ကိုယ့်ပစ္စည်းရဲ့ အရည်အသွေးနဲ့ ဈေးနှုန်းက သင့်တင့်မယ်ဆိုရင်တော့ ဖောက်သည်တွေနဲ့ ရင်းနှီးစွာ ဆက်ဆံမယ်ဆိုရင် သူတို့ဟာ ကိုယ့်ရဲ့ ပုံမှန်ဖောက်သည်တွေဖြစ်လာပြီး သူတို့ကတစ်ဆင့် ပြန်ပြီး ညွှန်ပေးကြပါလိမ့်မယ်
နောက်တစ်ခု အနေနဲ့ သက်ဆိုင်ရာ အဖွဲ့တွေမှာ ကိုယ့်ရဲ့ ကြော်ငြာတွေကို မျှဝေပါ ကြော်ငြာတင်ပါ
ကိုယ့်ရဲ့ Page ဟာလည်း သပ်ရပ်နေရပါမယ်
ကိုယ့် Page ထဲ ဝင်ကြည့်တာနဲ့ ကိုယ်ဘာလုပ်တယ် ဘာရောင်းတယ် ကိုယ်ပေးချင်တဲ့ ကိုယ်သိစေချင်တဲ့ အကြောင်းအရာတွေကို စဝင်ကြည့်ပြီဆိုတာနဲ့ သိသာနေအောင် ပြင်ဆင်ထားရပါမယ်
ကိုယ်တင်ထားတဲ့ Post တွေ ပုံစံတူပြီး ထပ်မနေအောင် တင်ရပါမယ်
တစ်ခါတင်လိုက်လည်း ဒီပုံ ဒီစာသားမျိုးပဲ ဖြစ်မနေဘဲ ဆန်းသစ်နေအောင်ပြင်ဆင်သင့်ပါတယ်
ဒါဆိုရင်တော့ မိတ်ဆွေတို့ရဲ့ ကြော်ငြာစရိတ်ကို လျော့ချပြီး ရောင်းအားတွေ တိုးပွားလာမှာ အမှန်ပါပဲ
ဒီနေရာမှာ ထပ်ပြောချင်တာကတော့ ကိုယ့်ရဲ့ လုပ်ငန်းက အဆင်ပြေလာပြီဆိုရင်တော့ ကိုယ့်ရဲ့ ကြော်ငြာစရိတ်ကို ပုံမှန်သတ်မှတ်ပြီး ကြော်ငြာတာကတော့ အကောင်းဆုံးပါပဲ
မိတ်ဆွေတို့ရဲ့ ကြော်ငြာကိစ္စအတွက် တိုင်ပင်ချင်တယ်ဆိုရင်တော့ 630.digital က အသင့်ရှိနေပါတယ်
Phone : 09881288889
Email : ceo@630.digital
Website : www.630.digital
Messenger : m.me/630digital